ကျမဘ၀ရဲ့ အချိုးအကွေ့မျှော်လင့်ခြင်း ကြေကွဲခြင်း ပျော်ရွင်ခြင်း
နဲ့အခြားအခြားသောအရာတွေဟာချစ်သူဆိုတဲ့ဝေါဟာရကချည်းပဲကိုယ်စား
ပြုနိုင်တာမဟုတ်ပါဘူး။ကျမဘ၀ရဲ့တယောက်သောဇာတ်ကောင်ကတော့ကျမရဲ့အကိုပါ။
အမှန်အတိုင်းဝန်ခံရရင်ကျမကမိသားစုရဲ့ အကြီးဆုံးနေရာကိုနာကြည့်စွာ
နဲ့မွေးဖွားလာခဲ့တာကိုမုန်းတီးတာပါ။ဒါကြောင့်မိတ်ဆွေသူငယ်ချင်းနဲ့ချစ်သူပင်ဖြစ်စေ
ကျမထက်အသက်ကြီးသူတွေကိုပိုပြီးမက်မောစွာရွေးချယ်ချင်ပါတယ်။
ကျမထက်အသက်ကြီးတဲ့သူနဲ့မှပိုပြီး
ကျမနဲ့သင့်တော်တယ်လို့ ခပ်ကြောင်ကြောင်လဲတွေး
တတ်သူပါ။ကံကောင်းစွာနဲ့ပဲကျမရဲ့ ကလေးဘ၀မှာအကို၃ယောက်ရှိခဲ့ဘူးပါတယ်။
အဲဒီအပိုင်းအခြားကာလလေးကကျမအတွက်တိုတောင်းလွန်းလို့ ကျမရဲ့ 
သေးငယ်လှတဲ့ကလေးငယ်လက်ချောင်းလေးတွေနဲ့ ဖမ်းဆုတ်ဖို့ရာမတတ်နိုင်ခဲ့ပါဘူး။
အဲဒီအချိန်တုန်းကအရွယ်ရောက်ပြီးသားအကိုကြီးနဲ့ အရွယ်ရောက်စအကိုလတ်ထက်ကို ကျမထက်တနှစ်သာကြီးတဲ့အကိုအငယ်ဆုံးကိုကျမပိုပြီးတွယ်တာပါတယ်။
မတွယ်တာလို့လဲမရပါဘူး။
ကျမရဲ့ တယောက်သောကစားဖော်ကသူဖြစ်ပြီးသူ့ရဲ့တယောက်တည်းသော
ညီမငယ်ကကျမဖြစ်ပါတယ်။
ဒါပေမယ့်ဆိုးဝါးတဲ့ကြမ္မာမိုးကကျမတို့အပေါ်ရုတ်တရက်ရွာကျတဲ့အခါကျမတို့မှာ
နာကြင်မှု အထီးကျန်မှုတွေနဲ့ရွဲရွဲစိုရင်းကျန်ရစ်ခဲ့ပါတယ်။
ရောင်စုံသကြားလုံးလေးတွေရွေရောင်ငါးတွေနဲ့အတူအကိုဟာကျမဘ၀မှာဘယ်တော့မှ
ပြန်လည်ငှားရမ်းမရနိုင်တော့တဲ့အတိတ်ထံမှာ
ကျကျန်ရစ်ခဲ့ပါတယ်။ကျမပိုင်ဆိုင်တဲ့ကလေးဘ၀ဆိုတာအများတကာလိုတောင်းတစရာကောင်း
လောက်အောင်မချိုမြိန်သလိုဖြစ်နိုင်ရင်ခြစ်ထုတ်ပြစ်ချင်စရာတောင်ကောင်းလှပါတယ်။
အထီးကျန်ခြင်းနာကျင်ခြင်းနဲ့ ဘယ်တော့မှကျမမက်မောတဲ့အမေ့အိမ်မှာကျမဘ၀ကို
ကျမတောင်းတောင်းတတကိုမုန်းတီးပါတယ်။အထီးကျန်ရင်းကျတဲ့မျက်ရည်အိမ်မက်တွေ
မှာအကိုအခါခါပါဝင်ခဲ့ဘူးပေမယ့်နောက်တော့လဲအဲဒီမျက်ရည်တွေနဲ့
အတူအကိုဟာကျမအိမ်မက်ကနေခြောက်သွေ့လွင့်ပါးသွားပါတယ်။
ဒါပေမယ့်တခုသောညမှာကျမအကိုရဲ့ဖုန်းသံဟာကျမဆီကိုရောက်လာခဲ့တယ်။
နောက်သိပ်မကြာခင်မှာပဲကျမနဲ့စကားပြောတော့သူနေခဲ့ရတဲ့အိမ်ကလေးနဲ့သူ့ကို
ကျောခိုင်းပြီးသွားခဲ့တဲ့ညီမလေးကိုသူသတိရစေဆဲပါပဲ။
(အဲဒီစကားဟာနောင်တချိန်မှာကျမကိုကြိမ်ဖန်များစွာဒါပေမယ့်ကျမကိုမျက်ရည်ကျ
အောင်အလဲထိုးစေမယ့်စကားဆိုတာအဲဒီတုန်းကမသိခဲ့သေးပါဘူး) ။
၁၀စုနှစ်တခုတောင်ကျမတိုး၂ယောက်မတွေ့မမြင်ခဲ့ကြပေမယ့်မနေ့ကမှနှုတ်ဆက်ပြီး
ခွဲခွာထားခဲ့တဲ့လူ၂ယောက်လိုကျမတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်နေဆဲပါပဲ။
ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ကျမမြန်မာပြည်ကိုနောက်တကြိမ်ပြန်
လာချိန်မှာတော့အဆက်အသွယ်ပြတ်သွားပြန်ပါတယ်။
ရီစရာပါပဲ။
ကျမကအကိုပြောခဲ့တဲ့စကားတခွန်းကြောင်း Tea shop တွေ ဖိုရမ်တွေမှာအကို့ကိုဝင်
ရှာရင်းနဲ့ ဖိုရမ်မာတယောက်
ဖြစ်သွားခဲ့ကြောင်းတော့အခွင့်သင့်ရင်အကို့ကိုပြောပြခွင့်ပြုစေချင်ပါတယ်။ဒါပေမယ့်အကို
ရုတ်တရက်ပေါ်လာတဲ့နေ့မှာတော့အကိုတယောက်ထဲမဟုတ်တော့ပါဘူး။
မိန်းကလေးတယောက်နဲ့အတူတနေရာကိုထွက်သွားဖို့အဆင်သင့်ဖြစ်နေပါပြီ။
နောက်တော့အကိုနဲ့မတွေ့ ရတော့ပြန်ပါဘူး။
ဒီတခါကျမရှာဖွေတဲ့အခါမှာတော့ကံကောင်းစွာနဲ့ပဲအမှတ်မထင်ကူညီသူရလာလို့
ခပ်မြန်မြန်ပဲအကို့အကြောင်းကိုစုံစမ်းရပါတယ်။
ကျမနောက်တကြိမ်မြန်မာပြည်ကိုပြန်ချိန်မှာတော့အကိုကကျမတို့ဆီကိုဖုန်းမဆက်နိုင်မလာနိုင်တော့တဲ့အခါ
ကျမကပဲအကိုရှိရာကိုရောက်အောင်
သွားခဲ့ရပါတယ်။လက်ပြပြီးနှုတ်ဆက်ကျန်ခဲ့တဲ့အကို့ကိုလှည့်ကြည့်ရင်းကျမလေးနက်စွာ
ဆုတောင်းခဲ့တာကတော့အကိုနဲ့
နောက်တကြိမ်အမြန်ဆုံးပြန်ဆုံတွေ့ ဖို့ပါပဲ။
ဒါပေမယ့်ကျမရဲ့ ဆုတောင်းကအင်အားနည်းပါးလွန်းလို့ လားမသိပါဘူး။
နောက်ထပ်၃၅ရက်အကြာမှာအကို့ဆီကို
ထပ်သွားခဲ့ပေမယ့်ကျမအကိုနဲ့ထပ်တွေ့ခွင့်မရတော့ပါဘူး။
အဲဒီနေ့ကအပြင်မှာရွာတဲ့မိုးထက်ဘယ်မိုးမှပိုပြီးသည်းသိမ့်မယ်အထင်ပါဘူး။
ကျမကျတဲ့မျက်ရည်ကိုဘယ်သူကမှနားမလည်နိုင်သလိုကျမကြုံနေရတဲ့ကံကြမ္မာ
မျက်လည့်တွေကိုအလျင်မှီအောင်လိုက်ပြီး
ယှဉ်ပြိုင်ဖို့ ကျမရင်ထဲကသံယောဇဉ်နဲ့မေတ္တာတရားတွေကလည်း
တခါတလေကျတော့မတတ်နိုင်ကြတော့ပါဘူး။
Tuesday, July 31, 2007
သပွတ်အူ ( ၃ )
Posted by
Chit Thu Lay
at
9:47 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment