နောက်ထပ်ဆန်းကြယ်တဲ့ ပုံပြင်တပုဒ်ရှိပါတယ်။
တကယ်တော့ပုံပြင်မဟုတ်ပါဘူး။ ဒါပေမယ့် အရှိတရားကို လက်ခံဖို့နဲ့လက်တွေ့  အကောင်အထည်ဖော်ဖို့ ရှိမလာနိုင်တဲ့
ဇာတ်လမ်းတပုဒ်ကို နတ်သမီးပုံပြင်အဖြစ်နဲ့ပဲ စာအုပ်လှလှလေးထဲမှာ ကျမ သိမ်းဆည်းထည့်ထားချင်လို့ ပါ။
ညစဉ်ညတိုင်း ထိုအိမ်မက်ပုံပြင်တွေကို ခုံမင်စွာကျမ ဖတ်ပါမည်။ သူကျမကို တကယ်ချစ်ရဲ့လား ကျမ မသိချင်ပါဘူး။
ဒါပေမယ့် ကျမသည် သူ့အတွက်အပျင်းပြေပဲဖြစ်စေ လိုအပ်သော သူတယောက် ရိုးသားစွာဖြစ်ခွင့်ရချင်ပါသည်။
ကျမတို့လမ်းခွဲသွားတိုင်းကျမသူ့ ကိုမနှုတ်ဆက်ချင်ပါ။ သို့သော် နောက်တကြိမ်ပြန်ဆုံတွေ့ ဖို့ကို ကျမရင်မှာ လေးနက်စွာ မျှော်လင့်မြဲပါ။
သူ့မှာ ချစ်သူများစွာ ရှိပါသည်။
မလွဲရှောင်စွာ ကျမတို့ ခင်မင်ပတ်သက်မှုကို သိခွင့်ရသော သူ့ချစ်သူမိန်းကလေးများက ကျမကိုမကြည်ဖြူလှပါ။
သို့သော် ကျမသူ့ အပေါ်ထားရှိအပ်သော ချစ်ခြင်းမေတ္တာသည် ခရမ်းနှရောင်အလင်းများနှင့် တောက်ပစွာ လင်းလက်လျှက် ရှိနေဆဲဖြစ်ပါသည်။
ကျမသည် သူ့ ရည်းစားတယောက်အဖြစ် မည်သည့်အခါမျှ သူတွေးတော့လိမ့်မည်မထင်ပါ။
ကျမသူ့အတွက်ခံစားရသောတစုံတရာကိုအချစ်ဟူ၍အမည်နာမတပ်ရမှာကိုလည်း
မနှစ်မြို့လှပါ။ သူ့ထံမှရနိုင်သောခံစားမှုလှလှလေးများကို အကြောင်းပြောရမည်ဆိုလျှင် အဖြူရောင်တိမ်လိပ်လေးများ
တေးသွားချိုချိုလေးများ မိုးရေမှုန်လေးများနှင့်အနူးညံ့ဆုံးလေညှင်းအေးကလေးများအကြောင်းကို
ရင်ခုန်စွာဖြေးဖြေးခြင်းပြောပြချင်ပါသည်။
သို့သော် ...
တခါတရံသူကချစ်ရဲ့လားလို့မေးလာခဲ့လျှင်ကျမကချစ်ပါတယ်လို့
မဆုတ်မဆိုင်းပဲသေသေချာချာပြောပြမည်ဖြစ်ပါသည်။
ထိုစကားသည် ထိုနေ့အတွက်ဘယ်နှစ်ကြိမ်မြောက်ကြားခဲ့ရသော အဖြေဖြစ်မှန်း ကျမမသိချင်ပါ။
သို့သော် သူလိုအပ်စွာ အပျင်းပြေဖြစ်စေကြားချင်သော စကားတခွန်းကို လေးနက်စွာ ကျမဖြေဖို့ဝန်မလေးပါ။
ကျမဘ၀တွင်ဖဲကြိုးအဖြူရောင်လွလွတစ ကိုမည်သည့်အရာကိုမျှ ချည်နှောင်ခြင်းမပြုပဲ
သူဧ။်ဓာတ်ပုံလေးနှင့် ယှဉ်တွဲထားချင်သည်မှာ ကျမဧ။်အရိုးသားဆုံး ဆန္ဒဖြစ်ပါသည်။
ကျမဘ၀တွင် နားလည်ခွင့်လွတ်ခြင်းနှင့် သံသယကင်းစွာထားရှိအပ်သော ချစ်ခြင်းများကို
သူကသာပိုင်ဆိုင်နိုင်ပါသည်။ ကျမဘ၀သည် ရှုပ်ထွေးခြင်း
သို့မဟုတ် ရှင်းလင်းစွာမနေတတ်သော ယောကျားများကို အဓိကအခန်းမှာနေရာပေးထားမိသော
ကျမထံသို့ မထားရှိအပ်သော ကောက်ကျစ်ခြင်း စက်ဆုပ်စရာ ပိုင်ဆိုင်လိုမှုများကို ကျမထံသို့ ရောက်မလာဘူးပါ။
ကျမဧ။်စိတ်ကို တစုံတရာ စိတ်ထိခိုက်နစ်နာရသည့်တိုင် ကျမအတွက်သူတို့နှင့် ပတ်သက်မှုသည် မနက်ဖြန်တွင်
လှပသော အတိတ်အဖြစ် ထင်မှတ်နေဦးမှာ ဖြစ်ပါသည်။ မျှတစွာကျမတွေးတောကြည့်ပါမည်။
ကျမသည် သူငယ်ချင်းလူရှုပ်အပေါ် တွယ်တာခဲ့သူ ချစ်သူလူရှုပ်အပေါ်ကျရောက်လာသော
ဒဏ်ရာများအပေါ် ကြိုးစားနားလည်ပေးခဲ့သူ အရှုပ်အထွေးများကြားမှအကိုထံသို့ရောက်အောင်သွားခဲ့သူ
နောက်ဆုံး ... ကျမဧ။်နှလုံးသားတနေရာတွင်မှတ်မှတ်ရရထည့်ထားသူမှာလဲ လူ သပွတ်အူတယောက်ဖြစ်နေပြန်သူပါ။
ထိုသို့သော အကြောင်းများကြောင့် ကျမသည်လည်းလူရှုပ်တယောက် (သို့ မဟုတ်)
သပွတ်အူအမျိုးစားထဲမှာ ပါဝင်နေမှာ သိပ်သေချာနေပါပြီ။
ဒါပေမယ့် ကျမဧ။်သပွတ်အူဇာတ်ကောင်များကို သံယောဇဉ်ကြီးစွာထားဖို့
ဝန်မလေးနိုင်ပါဘူး။
Tuesday, July 31, 2007
သပွတ်အူ ( ၄ )
Posted by
Chit Thu Lay
at
9:45 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment