အမှန်ကဒီလိုပါ။ ကျမသည် (သို့မဟုတ်) ကျမဆိုသောမိန်းကလေးဧ။် ကုသိုလ်ကံကြမ္မာသည်
အနည်းငယ်မျှထူးဆန်းလွန်းပါသည်။
ကျမဘ၀ ကျမသမိုင်းကိုသာ ချရေးရမည်ဆိုလျင် အရေးပါသောအခန်းမှပါဝင်ရသော
ကျမဧ။်ဇာတ်ကောင်များသည် 'လူရှုပ်' သို့ မဟုတ် လူ့သပွတ်အူများ ဖြစ်ပါသည်။
လွယ်လွယ်ပြောရရင်သောသပွတ်အူတွေပေါ့လေ။
သပွတ်အူကို သေချာစွာသင်မြင်ဘူးပါသလား?
ကျမသည်စာအုပ်များကိုချစ်သလောက်
သိပ္ပံပညာနှင့်ဆက်စပ်သမျှအရာအားလုံးကိုတော့ စက်ဆုပ်တတ်သူဖြစ်ပါသည်။
ပန်းများကိုမြတ်နိုးသလောက်သစ်ပင်များဧ။်
ဘော့ဒနီကယ်စကားလုံးများကိုတော့ စိတ်မ၀င်စားနိုင်ပါ။
သပွတ်အူဆိုသည်မှာ သပွတ်သီးတလုံးဧ။်အူတိုင်လောက်ပဲဆိုကြပါစို့။
ဒီထက်ပိုပြီးတော့ရှင်းမပြတတ်ပါ။ မည်သို့ဆိုစေ ထိုသို့သောသပွတ်အူများသည်ကျမ
ဘ၀ဧ။်သံယောဇဉ်ထားအပ်သောလူများကိုလွမ်းဆွတ်သတိရစေနိုင်ပါသည်။
ပထမဆုံးပြောရမှာကျမရဲ့သပွတ်အူ(သို့မဟုတ်)ကျမဧ။်အချစ်ဦးပေါ့လေ။
အချစ်ဦးဆိုသောအသုံးအနှုန်းကတော့သိပ်မမှန်ကန်လှပါဘူး။
ကျမထံတွင်သူ့ထက်အရင့်အရင်
စိတ်ဝင်စားရင်ခုန်မိသူများရှိခဲ့ဘူးပါသည်။ သို့သော်သူကတော့
ကျမရဲ့ ရည်းစားဦးနေရာကိုပြိုင်ဘက်မရှိသွားဘူးသူဖြစ်ကြောင်းဝန်ခံနိုင်ပါသည်။
သူသည် ကျမဧ။်အရင်းနှီးဆုံးသော သူငယ်ချင်းတဦးအဖြစ် ၇ နှစ်ကြာ ကျမဘေးတွင်ရှိခဲ့ဘူးပါသည်။
ဒီအတွက်ကြောင့်ပင်သူ့ ဧ။်အရှုပ်တော်ပုံများကို
ခရေစိတွင့်ကျ ကျမသိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ဆယ်ကျော်သက်အရွယ်ရောက်ခါစလေးမှာပင်
သူ့ မှာရည်းစားရှိရသည်။ အခြားအခြားသောမိန်းမများ
စွာနှင့်လဲ ခပ်ရှုပ်ရှုပ်ပေါ့လေ။ ဒါပေမယ့်ကျမနှင့်တော့ ခင်မြဲခင်ဆဲပါပဲ။ အဲဒီတုန်းကတော့
"သူငယ်ချင်းပဲဘာဖြစ်လို့လဲ" လို့ ပြောအားတော့ရှိခဲ့ပါသည်။
သို့သော် နောက်များမကြာမှီ ကျမကိုချစ်ရေးဆိုလာခဲ့ပါသည်။
မည်သို့သော အကြံအစည်စိတ်ကူးများနှင့် အပိုင်တွက်ခဲ့လေသလဲကျမ စဉ်းစားလို့မရတော့ပါ။
သေသေချာချာ မှတ်မိနေဆဲအရာကတော့ ချစ်သူတွေဖြစ်ကြပြီး တော်တော်ကြာတဲ့အချိန်ထိအောင်
ကျမသူ့ ကိုချစ်လို့ မရခဲ့။
တကယ်ပါ ကျမထံတွင် အဲဒီအချိန်ကသူငယ်ချင်းတယောက်ကို ဆုံးရှုံးလိုက်ရတော့မှာပဲဆိုသည့်
အသိကသာများစွာလွမ်းမိုးခဲ့တာပါ။
မချစ်တတ်သော ကျမရဲ့စိတ်ကကျမတို့ နှစ်ယောက်
ဆက်ဆံရေးကိုဒုက္ခပေးလာသောအခါ သူကပဲစောစီးစွာ လက်လျှော့သွားလေသည်။
နောက်ပြီး မကြာခင်မှာကျမတို့နှစ်ယောက်တရားဝင်
ရီးစားချစ်သူအနေနှင့် မပြတ်ဆဲသေးစဉ်မှာပဲ သူက သူ့ချစ်သူရည်းစားဟောင်းတယောက်ဧ။် အချစ်ကို
အရယူသွားလေသည်။ ဘယ်ရည်းစားဟောင်းကိုမျှ တကယ်မချစ်ခဲ့ကြောင်း
ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ရေးထားသောရည်းစားစာများမှာ ကျမဧ။်ဘီဒိုထောင့်တနေ
ရာတွင်ရှိနေဆဲဖြစ်ကြောင်း သူ့ဧ။်တကျော့ပြန်ချစ်ရည်းစားလေးကို သိစေချင်လှသော်လည်း
အကြောင်းအမျိုးမျိုးကြောင့် မပြောဖြစ်ခဲ့ပါ။
ကျမသည် အားလုံးသက်မှတ်သလိုပင် စိတ်ရှည်လက်ရှည် အသဲကွဲလိုက်ပါသည်။
သို့သော်ကျမထံတွင်အများထင်သလိုနားကြည်းခြင်းနဲ့အမုန်းတရားများ
တစွန်းတစမျှပင်ရောက်မလာခဲ့ဘူးကြောင်းကျိမ်တွယ်
၍ပင်ပြောလိုက်ချင်ပါသည်။
အချစ်ကြီးမချစ်ခဲ့၍အမုန်းကြီးများမုန်း၍မရခဲ့တာသူသာသိခဲ့လျှင်
ကျမဧ။်အမုန်းကိုသာ သူတောင်းတလိမ့်မည် ထင်ပါသည်။
သူသာဆန္ဒရှိမည်ဆိုလျှင် ကျမတို့နှစ်ယောက်ဧ။်အချစ်ဇာတ်လမ်းအား ကျမတို့ဘ၀ထဲမှ
ဖျက်ဖယ်ထုတ်လိုက်ချင်ပါသေးသည်။ မည်သည့် အနှောင်အဖွဲ့ မှ မပါဝင်ပဲ
သူနှင့် ကျမ ခင်မင်ချင်ပါသေးသည်။ ကျမနှမြောသတဆုံးအရာသည် သူနှင့် ကျမဧ။် ရင်းနှီးဖြူစင်သော
ခဏတာလေးများသည်ဖြစ်ကြောင်းအိမ်မက်ထဲမှာ
သူနှင့်ဆုံတော့ တဖွဖွပြောခဲ့မိတာ ကျမအမှတ်ရနေဆဲပါ။
Tuesday, July 31, 2007
သပွတ်အူ ( ၁ )
Posted by
Chit Thu Lay
at
9:49 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment