...
ဒုတိယမြောက်ကျမဧ။်ချစ်သူအကြောင်းကျမပြောလျှင်ယုံပေးစေချင်လှပါသည်။
ကျမချစ်သူသည်သူ့ချစ်သူထံမှမေတ္တာကိုပြန်လည်ရရှိပြီးကြောင်း
ကျမထံသို့ ဖုန်းဆက်ပြောပြီး၂၄နာရီအကြာမှာကျမသည်နောက်ချစ်သူတယောက်ကို
ချစ်ပါသည်တိုးတိတ်ညှင်သာစွာပြောမိလေသည်။
ကျမဘ၀တွင်နောက်တကြိမ်တခါမှယောကျားတယောက်ကိုထိုမျှ
ရင်ခုန်ချစ်မြတ်နိုးစွာနှင့်အဖြေပေးနိုင်တော့မည်မဟုတ်ပါ။
ထိုမျှလောက်ရိုးသား
သောမျက်ဝန်းများ , ကျမနှင့်အမြဲလိုလိုစကားပြောချင်နေသောသူ့ စိတ်ထားများ
သူ့ ဘ၀အခြေအနေများသည်ကျမကိုသူအလိုရှိသောအဖြေပေးဖို့
ဆွဲဆောင်သွားခဲ့တာပါ(တကယ်တမ်းဒီအရာတွေဟာအတုတွေပါလို့သိလာရသည့်
တိုင်အောင်ကျမသူ့ကြောင့်ရင်ခုန်ပျော်ရွင်ခဲ့ရသောနာရီမိနစ်များအကြောင်းကို
ကျမမြတ်နိုးစွာတွေးတောချင်နေဆဲဖြစ်အောင်ကိုသူကစွဲဆောင်နိုင်ဆဲပါပဲ)
သူက" ညီမလေး " လို့နှူးညံ့စွာ
ခေါ်တဲ့အခါတိုင်းအခါတိုင်းမှာကျမရင်ခွင်ကို
အနူးညံ့ဆုံးမုန်တိုင်းအေးလေးတွေဖြတ်သန်းသွားလေ့ရှိပါသည်။
တကယ်တော့ကျမတို့၂ယောက်ဟာသင်တန်းတခုမှာမိနစ်ပိုင်းလေးသာဆုံစည်းခဲ့ဘူးတာပါ။
ကျမပေးထားခဲ့တဲ့အီးမေးလိပ်စာလေးနဲ့အတူ
ကျမသူ့စကားသံကိုနောက်တကြိမ်ပြန်ကြားရတဲ့အချိန်မှာကျမတို့၂ယောက်ကမ္ဘာတခြမ်းဆီမှာလွင့်စင်နေခဲ့ပါပြီ။
ဒါပေမယ့်အရာအားလုံးဟာ၃၃ရက်အကြာမှာသူ့ရဲ့နောက်တယောက်သောချစ်သူ
နဲ့ပတ်ပင်းတိုးရင်းလွင့်စင်သွားပါတယ်။ဒါပေမယ့်ဒါဟာကျမ
အတွက်အမှန်တရားပါပဲ။မကြာခင်မှာပဲကျမရဲ့အမှန်တရားတွေကတခုပြီး
တခုကြမ်းတမ်းစွာကျမရှေ့ မောက်ကိုရောက်လာခဲ့ပါပြီ။
ကျမတို့၂ယောက်ရဲ့ ချစ်သက်တမ်း၂နှစ်အတွင်းမှာကျမသူ့ ချစ်သူ၅ယောက်နဲ့
ကြေကွဲစွာစကားပြောခဲ့ဘူးတာလဲအမှန်တရားတခုပါပဲ။
နောက်ဆုံးတော့ကျမရဲ့ ခံနိုင်
ရည်တွေကအားနည်းရော့ပါးလာပါတယ်။ဒါပေမယ့် "အရင် ကလို" ဆိုတဲ့စကားလုံးလေးနဲ့ သူ့ဆီကအကြင်နာ
နဲ့သစ္စာတရားတွေကိုကျမစောင့်စားနေဆဲမှာပဲသူလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့မိန်းကလေးတယောက်ဟာကျမရဲ့ 
အေးစက်နေတဲ့အိမ်မက်တွေကိုအပြီးတိုင်အလဲထိုးသွားခဲ့ပါတယ်။
ကျမသူ့ကိုမုန်းသွားပြီလားလို့စုံတယောက်ကမေးလာခဲ့ရင်ကျမလျှင်လျှင်မြန်မြန်ပဲခေါင်းခါနိုင်ပါတယ်။
ကျမရင်ထဲမှာစိုးထိတ်ဆုံးအရာက
သူ့ဘ၀မှာသူ့ အတွက်တကယ်သင့်တော်သူသူ့ကိုကြည်ဖြူတဲ့မိန်းကလေးနဲ့ 
သာဖြူစင်စွာလက်ဆက်စေချင်တာပါ။သူ့ ကိုမနာကြည်းခဲ့ပေမယ့်
တကယ်တမ်းဆုံးရှုံးပြီဆိုတာသိရတဲ့အချိန်မှာတော့ကျမသူ့အတွက်စိုးရိမ်စိတ်ပူစိတ်တွေနဲ့ သာပူလောင်နေပါတော့တယ်။
ကျမငယ်စဉ်တုန်းကမြစ်ဘေးချောင်းဘေးမှာစက္ကူလေလှလှလေးတွေကိုစွဲမက်စွာလုပ်ပြီးလွတ်ခဲ့ဘူးပါတယ်။
ကျမမည်မျှပဲမြတ်နိုးစွာဖန်တီးခဲ့သည်ဖြစ်စေတချိန်မှာကျမစွန့်လွတ်ရတော့မှာသိပ်ကိုသေချာနေပါပြီ။ကျမမပိုင်ဆိုင်နိုင်တော့ပါဘူး။
အရာရာကိုကံကြမ္မာကသာကျမဆုံးဖြတ်စေ
ချင်တော့တာပါ။အဲဒီတကြိမ်မှာတော့မြန်မာပြည်မှာပြန်လာပြီးကြာကြာနေရင်းဖဲချပ်တွေ
စာအုပ်တွေ ပန်းချီကားတွေကြားမှာပဲကျမရဲ့ ရင်ခုန်သံမှန်
သမျှကိုနှစ်မြုတ်ထားလိုက်ပါတယ်။ကျမမြတ်နိုးတဲ့စက္ကူလှေလေးကတော့ကျမမြင်ကွင်းကနေဝေးသထက်ပို
ဝေးရင်းကျမကိုမေ့လျှော့နိုင်ရာ
အရပ်ကိုသူသည်စုန်ဆင်းလျှက်ရှိနေပါပြီ။
Wednesday, August 1, 2007
Posted by
Chit Thu Lay
at
2:09 AM
Permalink
| 0
comments
|
Subscribe to:
Comments (Atom)